Thursday, October 31, 2013

ပုလဲလိုလူ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။
“သမီး… မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။
ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့အာဟာရတစ်ချို့နဲ့ သဲကို ထုပ်လိုက်တယ်။ အထုပ်ခံရတဲ့သဲကို ကိုယ့်အသွေးအသား၊ ကိုယ့်အရည်တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေးအသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာကောင်တွေဟာ သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာနေကြတော့တယ်”
ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့သတ္တဝါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလည်း နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တဝါကတောင် ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျော်အောင်နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့အရာကို ကိုယ်လက်ခံနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲကြတယ်။ လူတွေက ကမာကောင်လောက်တောင် အသိဉာဏ်မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမယ့် ကမာကောင်ဘက်ကနေ တစ်ခါမှ မတွေးတော မခံစားခဲ့မိဘူး။
“Karl Paul Reinhold Niebuhr” ရဲ့ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက….
“ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကိုသတ္တိတွေပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဉာဏ်တွေပေးသနားလှည့်ပါ” လို့ဆိုထားတယ်။
လူ့ဘဝမှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လုပ်နိုင်ဖို့ အသိဉာဏ်လိုပါတယ်။
နိုင်းနိုင်းစနေ

ပုလဲလိုလူ

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သမီးကို အမေက ပုလဲတစ်လုံးလက်ဆောင်ပေးပြီး ဆုံးမစကားပြောတယ်။
“သမီး… မေမေတို့မွေးထားတဲ့ကမာကောင်ရဲ့ကိုယ်ထဲကို အလုပ်သမားတွေက သဲတွေထည့်ပေးလိုက်ချိန်မှာ ကမာကောင်တွေဟာ အရမ်းအနေရခက်ကြတယ်။ ဒါပေမယ့် သဲတွေကိုထွေးထုတ်ပစ်ဖို့လည်း သူတို့မှာအင်အားမရှိကြဘူး။ ဒါကြောင့် ကမာကောင်တွေဟာ လူတွေကို အပြစ်ဆိုညည်းညူပြီး ကိုယ့်နေ့ရက်ကို စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား..? ဒါမှမဟုတ် အဲဒီသဲကို ကိုယ်နဲ့အတူပေါင်းစပ်ပြီး ကိုယ့်အသွေးတူ၊ အရည်တူဖြစ်အောင်လုပ်မလားဆိုတဲ့ လမ်းနှစ်ခုကိုရွေးကြရတယ်။
ဒီလိုနဲ့ ကမာကောင်တွေက ကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့အာဟာရတစ်ချို့နဲ့ သဲကို ထုပ်လိုက်တယ်။ အထုပ်ခံရတဲ့သဲကို ကိုယ့်အသွေးအသား၊ ကိုယ့်အရည်တစ်ပိုင်းတစ်စလို့ သတ်မှတ်လိုက်တယ်။ သဲကိုထုပ်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းများလေ သဲကို ကိုယ့်အသွေးအသား တစ်ပိုင်းတစ်စလို့ သတ်မှတ်လေဖြစ်ပြီး ကမာကောင်တွေဟာ သဲနဲ့အတူ စိတ်ချမ်းချမ်းသာသာနေကြတော့တယ်”
ကမာကောင်ဆိုတာ ဦးနှောက်မရှိတဲ့ ကျောရိုးမဲ့သတ္တဝါဖြစ်ပြီး ပြောင်းလဲနှုန်းဟာလည်း နှေးကွေးကြတယ်။ ဦးနှောက်မရှိတဲ့ ဒီလိုသတ္တဝါကတောင် ကိုယ်ပြောင်းလဲလို့မရနိုင်တဲ့ ပတ်ဝန်းကျင်မှာ သင့်လျော်အောင်နေထိုင်တတ်တယ်။ ကိုယ့်ကို စိတ်ညစ်၊ စိတ်ဒုက္ခပေးတဲ့အရာကို ကိုယ်လက်ခံနိုင်တဲ့ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်အောင် ပြောင်းလဲကြတယ်။ လူတွေက ကမာကောင်လောက်တောင် အသိဉာဏ်မရှိနိုင်တော့ဘူးလား? ပုလဲဖြစ်စဉ်တွေကို ကြားဖူးနားဝရှိပါတယ်။ ဒါပေမယ့် ကမာကောင်ဘက်ကနေ တစ်ခါမှ မတွေးတော မခံစားခဲ့မိဘူး။
“Karl Paul Reinhold Niebuhr” ရဲ့ဆုတောင်းကျမ်းစာထဲက စာသားတစ်ခုက….
“ဘုရားသခင်.. တည်ငြိမ်တဲ့စိတ်နဲ့ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့ အရာတွေကို လက်ခံနိုင်အောင် ကျွန်တော်တို့ကို ကြီးမားကျယ်ပြန့်တဲ့စိတ်သဘောထားနဲ့ ရက်ရောမှုကိုပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တဲ့ အရာတွေကို ပြောင်းလဲခွင့်ရအောင် ကျွန်တော်တို့ကိုသတ္တိတွေပေးပါ။
ပြုပြင်ပြောင်းလဲလို့ရနိုင်တာနဲ့ မရနိုင်တာကို ခွဲခြားသိမြင်တတ်အောင် ကျွန်တော်တို့ကို အသိဉာဏ်တွေပေးသနားလှည့်ပါ” လို့ဆိုထားတယ်။
လူ့ဘဝမှာ အမြဲတမ်း စိတ်တိုင်းမကျတာတွေ၊ စိတ်ညစ် စိတ်ပျက်စရာတွေနဲ့ ပြည့်နေတတ်တယ်။ အဲဒီအရာတွေကို ကမာကောင်လို ကိုယ်နဲ့အတူပေါင်းစပ်ပြီး စိတ်ပျော်ရွှင်အောင်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ လုပ်နိုင်ဖို့ အသိဉာဏ်လိုပါတယ်။
နိုင်းနိုင်းစနေ

ကောင်းလိုက်တဲ့ပညာရေး


ကျွန်တော့် မိတ်ဆွေက သူ့သားကို ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ထားတယ်။ အဲဒီကျောင်းက လူတိုင်းပါးစပ်ဖျားက ကြယ်ပွင့်ငါးပွင့်ရ နာမည်ကြီးကျောင်းပေါ့။ ကျောင်းလခဈေးကြီးလို့ ဘုရားတ,ရတဲ့ကျောင်း။ ကျွန်တော့်မိတ်ဆွေက စီးပွားရေးအသေးစားနဲ့ အသက်မွေးဝမ်းကျောင်းသူမို့ ဒီလောက်ကျောင်းလခများတဲ့ကျောင်းမှာ ဘာဖြစ်လို့ သားကို ထားရသလဲလို့ ကျွန်တော်ကမေးတော့ “ကလေးရဲ့ရှေ့ရေးအတွက်ပါ… ကောင်းတဲ့ပညာရေးအတွက် ကျွန်တော်တို့ကုန်ကျရတာ တန်ပါတယ်”လို့ သူကပြောတယ်။
ဒါပေမယ့် အခုတစ်လော ကလေးနဲ့အတူ သချာင်္အိမ်စာတစ်ပုဒ်ကို သူကူလုပ်ရင်း စိတ်တိုဒေါသထွက်ပြီး ကျောင်းက ဆရာမကိုသွားရှာ ဆွေးနွေးခဲ့တယ်။
သချာင်္ပုစ္ဆာက အကြမ်းအားဖြင့် ဒီလိုပါ….
တောင်ပြိုတာနဲ့ကြုံတော့ တောင်တက်သမား A ကို B နဲ့ C က ကယ်တင်လိုက်တယ်။ B မှာ ပေါင်မုန့် ၄ချပ်ရှိတယ်။ C မှာ ပေါင်မုန့်၅ချပ်ရှိတယ်။ ဗိုက်ဆာတော့ ဒီပေါင်မုန့်ကို သူတို့သုံးယောက် အညီအမျှခွဲကြတယ်။ A က သူ့မှာရှိတဲ့ ပိုက်ဆံ ၆ဝဝကို ထုတ်တယ်။ B နဲ့ C က A ဆီမှာ ငွေဘယ်လောက်ယူရမလဲ?
ပုစ္ဆာရဲ့ဖြေရှင်းနည်းအမှန်က B က ၂ဝဝရတယ်။ C က ၄ဝဝရတယ်။ B က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုတစ်ချပ်ပေးလို့။ C က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုနှစ်ချပ်ပေးလို့။ Aကိုပေးလိုက်တဲ့ Bနဲ့C ရဲ့ပေါင်မုန့်အချိုးက ၁း ၂ ဖြစ်တယ်။ ဒါကြောင့် ၁း ၂အတိုင်း B ကို ၂ဝဝ၊ C ကို ၄ဝဝ ပေးတယ်။
သချာင်္သဘောတရားကနေကြည့်ရင် ဒါဟာလော့ဂျစ်ဆန်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့။ အကျိုးအကြောင်းသင့်တယ် ယူဆချက်တိကျတယ်။ ဖြေရှင်းနည်းမှန်ကန်တယ်ပေါ့။ ထိုင်ဝမ်က ပညာရေးသစ် နည်းစနစ်သစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး မိဘအုပ်ထိန်းသူတွေကို သချာင်္ဆိုတဲ့စကားကိုကြားတာနဲ့ မျက်စိမျက်နှာပျက်အောင်လုပ်ခဲ့ပေမယ့်၊ အထောက်အကူဖြစ်စေတဲ့နည်းတွေနဲ့ သင်ကြားရင် ကလေးတွေ ပိုတုံး ပိုအသွားမှာကို စိုးတယ်ဆိုပေမယ့် ဒီပုစ္ဆာက မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တဲ့ပုစ္ဆာပါ။ ဒါပေမယ့် သားသမီးကို အဆင့်မြင့်ပညာရေး သင်ယူစေမယ်ဆိုတဲ့ ကျွန်တော့်မိတ်ဆွေက ဒီပုစ္ဆာဖြေရှင်းနည်းကို ကြည့်ပြီး အရမ်းစိတ်ထိခိုက်ခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်။
“ဘာဖြစ်လို့ ဒီလိုပုစ္ဆာမျိုး ထုတ်ရသလဲ.. တခြားပုစ္ဆာမထုတ်ဘဲ ဘာဖြစ်လို့ ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပေါင်မုန့်ဖိုးတောင်းရသလဲ” လို့ သူနာနာကျင်ကျင်ပြောပါတယ်။
“ဟုတ်တာပေါ့.. ဒီလောက်ဈေးကြီးတဲ့ပေါင်မုန့် ဘယ်ဆိုင်ကရောင်းသလဲ”လို့ သူ့မိန်းမကပါ ဝင်စွက်ပါတယ်။
ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျွန်တော်မိတ်ဆွေတို့ အစည်းအဝေးတစ်ခုလုပ်ပြီး ဒီပုစ္ဆာအတွက် လူပီသတဲ့၊ လူဆန်တဲ့ “ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပိုက်ဆံယူဖို့ မလိုဘူး”ဆိုတဲ့ အဖြေပေးဖို့ ဆွေးနွေးခဲ့ကြတယ်။ ကျောင်းက ဆရာ ဆရာမတွေက သူ့အပြောကို လေးလေးစားစား လက်ခံခဲ့ပါတယ်။ ပြဌာန်းစာအုပ်က ဆရာ ဆရာမတွေ တည်းဖြတ်တာမဟုတ်လို့ နောက်ပိုင်းမှာ ဒီလိုမျိုးမဖြစ်အောင် သတိထားမယ်ဆိုတဲ့အကြောင်း တောင်းပန်ပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် သူ့ကိုတောင်းပန်မှန်း သူနားလည်ပါတယ်။ သူ့ကလေးက ဒီလိုပညာရေးပတ်ဝန်းကျင်၊ ဒီလိုပညာရေးစနစ်အောက်မှာ သူထင်မှတ်မထားတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း ပုံသွင်းခံနေရပြီဆိုတာကို သူနားလည်လိုက်တယ်။
ဒီလိုခေတ်ပညာရေးအပေါ် သူဘာမှလုပ်နိုင်တဲ့ အင်အားလည်းမရှိ မကျေမနပ်လည်း ဖြစ်သေးတာမို့ “ကျောင်းပညာရေးက တစ်ပိုင်းသပ်သပ်မို့ တော်သေးတယ်။ မိသားစုပညာရေးနဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကို ငါတို့ပြုပြင်ဖာထေးပေးနိုင်လို့ တော်သေးတယ်။ နောက်ဆိုရင် ကလေးရဲ့ကျောင်းသင်ခန်းစာအပေါ် ငါတို့ အချိန်ပေးပြီး ပိုဂရုစိုက်ရလိမ့်မယ်”
သူ့ရဲ့ပညာရေးအပေါ်ထားတဲ့ စိတ်သဘောထားကို ကျွန်တော်နှစ်သက်မိတယ်။ အကောင်းမြင်တဲ့မိဘတစ်ဦးက ကလေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတစ်ခုပေးနိုင်ပါတယ်။
ကျောင်းပညာရေးက အသိပညာ၊ ဗဟုသုတပညာရေးကို ဦးစားပေးသင်ကြားတာမို့ ကိုယ်ကျင့်တရားပိုင်းမှာ လျစ်လျူရှုမိတတ်တယ်။ ဒါကို ကျွန်တော့်မိတ်ဆွေက သတိထားမိတယ်။ ဒီကိုယ်ကျင့်တရားပိုင်းကို မိသားစုပညာရေးနဲ့ အခြေခံထားပြီး သင်ကြားရပါတယ်။ ကျောင်းပညာရေးကိုပဲ အားကိုးလို့ မရနိုင်ပါဘူး။ လူ့ဘဝအောင်မြင်ဖို့ရာ အသိပညာချည်းကိုပဲ အားကိုးလို့မရပါဘူး။ အရာအားလုံးထဲမှာ အသိပညာက တစ်စိတ်တစ်ဒေသပဲ ပါဝင်တာမို့ပါ။
ထိုင်ဝမ်စာရေးဆရာ Wu Ruo Quan (吳若權) ရဲ့ စာအုပ်တစ်အုပ်မှာပါတဲ့ စာပိုဒ်လေးတစ်ပိုဒ်ပါ။ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (August. 8. 2013)

၉၉ ပုံပြင်

တခါတုံးက အလွန်ကြွယ်ဝချမ်းသာပြည့်စုံစွာ နေနေရပေမဲ့ ဘယ်တော့မှ ရောင့်ရဲခြင်းမရှိတဲ့ ဘုရင်တပါးရှိတယ်။
တနေ့တော့ သူဟာ သူ့နန်းတော်အတွင်း လှည့်လည်ကြည့်ရှုနေတုံး သီချင်းလေးတအေးအေးနဲ့ ပျော်ရွှင်စွာ အလုပ်လုပ်နေတဲ့ သူ့ရဲ့အမှုထမ်း တစ်ယောက်ကို သွားတွေ့တော့ အဲ့ဒီမြင်ကွင်းက သူ့ကို အလွန်စိတ်ဝင်စားစေတယ်။ အဲ့ဒါနဲ့ သူလဲ အဲ့ဒီသူအနားကို သွားပြီး “ဘာလို့ အဲ့လောက်တောင်များ စိတ်အေးလက်အေး ပျော်ရွှင်နေနိုင်သလဲ” လို့ မေးသတဲ့ ။
အဲ့ဒီတော့ အမှုထမ်းက “အရှင် .. ကျွန်တော်မျိုးက သခင့်အမှုထမ်းပါ။ ဘာမှ ထူးထူးခြားခြားလူတစ်ယောက် မဟုတ်ပါဘူး ။ ကျွန်တော်မျိုးနဲ့ ကျွန်တော့်မိသားစုအတွက် အများကြီးမလိုပါဘူး။ အမိုးအကာလုံခြုံတဲ့နေရာလေးတစ်ခုနဲ့ အစာအိမ်ကို ဖြည့်တင်းပေမဲ့ လုံလောက်တဲ့ အစားအစာတွေရှိနေရင် ပြည့်စုံပါတယ်” တဲ့ ။
ဘုရင်ဟာ အမှုထမ်းရဲ့စကားကို အကျေနပ်ကြီးမဟုတ်တော့ သူ့ရဲ့အတိုင်ပင်ခံအမတ်ကို အဲ့ဒီအကြောင်းပြောပြတော့ အမတ်ကြီးက “အရှင်မင်းကြီး ..ခုန အမှုထမ်းဟာ ကိုးဆယ်ကိုးအသင်းဝင် (99 Club) တစ်ယောက် မဖြစ်သေးလို့ပါ” တဲ့ ။
အမတ်ကြီးရဲ့ ကိုးဆယ်ကိုးအသင်းဝင် ဆိုတဲ့စကားကို ကြားတော့ ဘုရင်က အလွန်အံ့အားသင့်သွားပြီး ဆက်လက်မေးမြန်းတယ်။
“အရှင်မင်းကြီး ..ကျွန်တော်မျိုး ရွှေဒင်္ဂါးပြား ကိုးဆယ်ကိုးပြားကို ထုတ်ပိုးပြီး အမှုထမ်းရဲ့ အိမ်ရှေ့တံခါးဝမှာ သွားထားပြီးရင် အရှင်မင်းကြီး
သိလာပါလိမ့်မယ်” လို့ အမတ်ကြီးက လျှောက်ထားတယ် ။
နောက်တနေ့ရောက်လို့ သူ့အိမ်ရှေ့က ရွှေဒင်္ဂါးပြားထုပ်ကိုလဲတွေ့ရော အမှုထမ်းက ဝမ်းသာအားရနဲ့ အိမ်ထဲကိုယူသွားပြီး ဒင်္ဂါးပြားတွေကို စရေတွက်တော့တာပဲ ။ ကိုးဆယ်ကိုးပြားပဲရှိတဲ့ ဒင်္ဂါးပြားတွေကို သူ ရေတွက်ပြီးတဲ့အချိန်မှာ “မဖြစ်နိုင်ဘူး။ ဘယ်သူမှ ကိုးဆယ့်ကိုးခုတော့ မထားလောက်ပါဘူ။ နောက် ဒင်္ဂါးတစ်ပြား ရှိကိုရှိရဦးမယ်” ဆိုပြီး သူဟာ နေရာအနှံ့ရှာတော့တာပဲ ။ နောက်ဆုံး ခြေကုန်လက်ပမ်းကျပြီး မောကြီးပန်းကြီးနဲ့ အိမ်က လူတွေကိုပါ ဆူပူမာန်မဲ ရှာခိုင်းတယ်။
မတွေ့တော့တဲ့အဆုံးမှာ သူက အဲ့ဒီဒင်္ဂါးတစ်ပြားကို သူ့လုပ်အားနဲ့ မရရအောင် ဖြစ်စေရမယ်ဆိုပြီး ခါတိုင်းထက် နှစ်ဆပိုလုပ်၊ အိမ်က လူတွေကိုလဲ အရင်လိုကောင်းကောင်းစကားမပြော၊ အလုပ်ထဲမှာလဲ စိတ်အေးလက်အေးမရှိနဲ့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။
အဲ့ဒါကို မြင်တွေ့နေရတဲ့ ဘုရင်ကြီးက သူ့ရဲ့အသွင်ပြောင်းမှုကို အံ့သြတကြီးဖြစ်ပြီး အမတ်ကြီးကို မေးပြန်တယ် ။
အဲ့ဒီတော့မှ အမတ်ကြီးက “အရှင်မင်းကြီး .. အမှုထမ်းဟာ အခုတော့ ကိုးဆယ်ကိုးအသင်းသားတစ်ယောက်ဖြစ်သွားပါပြီ”.. နောက် .. သူကဆက်ပြီး ရှင်းပြတယ် ။
ဘာလို့ ကိုးဆယ်ကိုး အသင်းဝင် လို့ ခေါ်ဆိုရသလဲဆိုတော့ “တချို့တချို့လူတွေရဲ့ဘဝဟာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ရာ လုံလောက်ပြည့်စုံတဲ့ အနေအထားတစ်ခုရှိနေပေမဲ့ ဘယ်တော့မှ မရောင့်ရဲနိုင်သေးပဲ ကျန်တဲ့ အပိုတစ်ခုနောက် အသဲအသန်လိုက်ရင်း ပင်ပန်းဆင်းရဲနေရတဲ့သူ တွေကို ဆိုလိုတာပါ” တဲ့။
ဘဝမှာ ကိုယ်ပိုင်ဆိုင်သလောက်နဲ့ တင်းတိမ်ရောင့်ရဲ ပျော်ရွှင်နေနိုင်ပါတယ် ။ ကြီးကြီးမားမားပိုင်ဆိုင်မှုတွေ များများစားစား ရလာတာနဲ့အမျှ ပေးဆပ်မှုတွေ ပိုများပြားလာသလို ကိုယ်ချစ်တဲ့သူတွေကိုတောင် ထိခိုက်နစ်နာစေတဲ့အနေအထားမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်စုံတစ်ခုကို မိမိရယူလိုက်တိုင်းမှာ ပေးဆပ်လိုက်ရတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့ ။ —

Monday, March 18, 2013

အမြင့်ပျံငှက်တို့၏ တောင်ပံခတ်သံများ ( ၂ )


လေကြောင်းလိုင်းများ၏ ၀ိသေသလက္ခဏာများ
အစိုးရ၏ပါဝင်ပတ်သက်မှု

လေကြောင်းလိုင်းများ၏ ထူးခြားချက်မှာ အစိုးရ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာမြင့်မားခြင်းပင် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာခရီးစဉ်များတွင် ပိုမိုများပြားသည်။ အစိုးရပါဝင်ပတ်သက်ရခြင်း၏ အကြောင်းရင်းခံများမှာ မျိုးချစ်စိတ်ဓါတ်ကိုအခြေခံခြင်း၊ ပြေးဆွဲသည့် ခရီးစဉ်၏ မဟာဗျူဟာမြောက် အရေးပါမှု (စီးပွားရေးနှင့်အမျိုးသားလုံခြုံရေးရှုထောင့်မှနေ၍) နှင့်ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးတို့ အတွက် ဖြစ်သည်။ ပထမဦးဆုံးအကြောင်းရင်းမှာ အစိုးရများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ အလံတင်လေကြောင်းလိုင်း ( Flag Carrier ) ရှိခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်သည်ဟု ခံယူကြခြင်းကြောင့် ဖြစ်သည်။ ထို့ပြင်လည်း အစိုးရအဖွဲ့အများစုအနေဖြင့် လေကြောင်းသယ်ယူပို့ဆောင် ရေးသည် နိုင်ငံနှင့်စီးပွားရေးပုံမှန်လည်ပတ်နိုင်ရေးအတွက် သို့မဟုတ် အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ် ဟု ခံယူထားကြသည်။ နောက်ဆုံးအနေဖြင့် လေယာဉ်တစ်စီးသည်ပင်လျှင် ခရီးသည်ရာနှင့်ချီ၍ သယ်ယူ ပေးနိုင်သည်ဖြစ်ရာ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ ဘေးကင်းလုံခြုံရေး စံသတ်မှတ်ချက်များ အားနည်း ခြင်း စသည်အကြောင်းအချက်များကြောင့် ခရီးသည်များ၏ လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် အမေရိကန်နိုင်ငံရှိ Federal Aviation Administration ကဲ့သို့အဖွဲ့အစည်းများမှနေပြီး လေကြောင်းလိုင်း လုပ်ငန်းများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ မူဝါဒများ ချမှတ်ပေးပြီး လေကြောင်းလိုင်းများအနေဖြင့် လိုက်နာဆောင်ရွက်မှုရှိမရှိ ကြီးကြပ်ကွပ်ကဲပေးလျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွင် အစိုးရ၏ပါဝင်ပတ်သက်မှုမှာ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သည်။ Open Sky Agreements ရေးထိုးထားပြီး ယင်းအတိုင်းလိုက်နာကျင့်သုံးသောနိုင်ငံများမှ လွဲ၍ နိုင်ငံတကာလေကြောင်းခရီးစဉ်များနှင့် ပျံသန်းကြိမ်နှုန်းများကို မိခင်နိုင်ငံနှင့် ဆင်းသက်မည့်နိုင်ငံ၏ အစိုးရတို့မှ အတည်ပြုချက် ရရှိထားရန် လိုအပ်သည်။
နိုင်ငံခြားဈေးကွက်ထဲတွင် လေကြောင်းလိုင်းတခုအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်ခွင့်ရှိသည်။ မည်သည်တို့ကို ဆောင်ရွက်ခွင့်မရှိခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မှုဆိုင်ရာ အမျိုးအစားခွဲခြားမှု ( Categorization of Freedoms ) က ဆုံးဖြတ်ပေးသည်။
(ဇယား 3.2 ကိုကြည့်ပါ)
Freedom Implication
1st Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံအတွင်း ဆင်းသက်ခြင်း ( Landing ) မပြုဘဲ ဖြတ်ကျော်ပျံသန်းနိုင်ခွင့်
2nd Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတခုသို့ သွားရောက်သည့်ခရီး စဉ်တွင်ခရီးသည် သယ်ယူပို့ဆောင်ရန်အတွက် မဟုတ်ဘဲ ဆင်းသက်ခွင့် ( ဥပမာ ပြင်ဆင်ထိန်းသိမ်းခြင်း၊ လေယာဉ်ဆီဖြည့်ခြင်းစသည့် ကိစ္စရပ်များအတွက် )
3rd Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် ယင်းမှတ်ပုံတင်ထားသော နိုင်ငံမှာအခြား သော နိုင်ငံတစ်နိုင်ငံသို့ ခရီးသည်သယ်ယူပို့ဆောင်ခွင့်
4th Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံမှ ခရီးသည်အား ယင်းမှတ်ပုံတင်ထားသော နိုင်ငံသို့ သယ်ယူပို့ဆောင်ခွင့်
5th Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် ယင်းမှတ်ပုံတင်ထားသော နိုင်ငံမဟုတ်သော အခြားနိုင်ငံနှစ်နိုင်ငံအကြား ခရီးသည်သယ်ယူပို့ဆောင်ခွင့် (သို့ရာတွင် လေယာဉ်ခရီး စဉ်သည် မှတ်ပုံတင်ထားသည့် နိုင်ငံတွင်စတင်ခြင်းသို့မဟုတ် အဆုံးသတ်ခြင်း ဖြစ်ရ မည်။
6th Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံများအကြား မှတ်ပုံတင်ထားသော နိုင်ငံမှတဆင့် ခရီးသည်သယ်ယူပို့ဆောင်ခွင့်၊ 3rd Freedom နှင့် 4th Freedom ကို ပေါင်းစည်းထားခြင်းဖြစ်သည်။
7th Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် မိခင်နိုင်ငံ၏ပြည်ပတွင် Stand Alone Services ကို အပြည့်အ၀ ဆောင်ရွက်ပိုင်ခွင့်နှင့် အခြားနိုင်ငံနှစ်နိုင်ငံအကြား ခရီးသည် သယ်ယူပို့ဆောင်ပိုင်ခွင့်
8th Freedom
နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းလိုင်းသည် အခြားနိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ နယ်နမိတ်အတွင်းရှိ နေရာနှစ်ခုအကြား ခရီးသည်သယ်ယူပို့ဆောင်ခွင့်
လေကြောင်းလိုင်းများအား ပြေးဆွဲမည့်လမ်းကြောင်းရွေးချယ်ခြင်းနှင့် ပျံသန်းကြိမ်ရေကိုကန့်သတ်သည့် စည်းမျဉ်းစည်းကမ်းများလည်းရှိသည်။ ၁၉၉၀ ခုနှစ်မတိုင်မီတွင် စင်္ကာပူ လေကြောင်းလိုင်းအနေဖြင့် စင်္ကာပူမှနေ၍ Kota Kinabalu နှင့် Kuching ( အရှေ့မလေးရှားရှိ ) သို့ ပျံသန်းခွင့် နှစ်ပေါင်းများစွာ မရရှိခဲ့ပါ။ ခရီးသည်အစီးအများဆုံးဖြစ်သော ဟောင်ကောင်-လန်ဒန် ( ဟိသရိုးလေဆိပ် ) လမ်းကြောင်းတွင်ပျံသန်းပြေးဆွဲခွင့်ရသော လေကြောင်းလိုင်းဟူ၍ Cathay Pacific, Brithis Airways & Virgin Atlantic ဟူ၍လေကြောင်းလိုင်း ( ၃ ) ခုသာရှိခဲ့သည်။ SIA အနေဖြင့် စင်္ကာပူမှ သြစတေးလျသို့ တစ်ပတ်လျှင် အကြိမ် ၈၀ခန့် အထိ ပျံသန်းပြေးဆွဲသော်လည်း သြစတေးလျနိုင်ငံထဲတွင်ပင် ခရီးစဉ်ပြီးဆုံးခဲ့ရပြီး အမေရိကန်နိုင်ငံသို့ ဆက်လက်ပျံသန်းပြေးဆွဲခွင့်မရရှိခဲ့ပါ။ (ယင်းပျံသန်းခွင့်ရရှိအောင် သြစတေးလျအစိုးရထံ အကြိမ်ပေါင်းများစွာတင်ပြပြီးကြိုးစားခဲ့သော်လည်း) Australia – United State လမ်းကြောင်းတွင် Market Share ၇၅% ရှိထားပြီး ယင်းလမ်း ကြောင်းမှနေ၍ အမြတ်အစွန်း ( ၄၀ % ) အထိရရှိနေသော Qantas မှယင်းသို့ ပျံသန်းခွင့်မရရှိစေရန် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။
ဒေသဆိုင်ရာအစိုးရများအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ရာနှုန်းပြည့်ပိုင်ဆိုင်မှု မပေးရုံသာမက လေကြောင်းလိုင်းရှယ်ယာများဝယ်ယူခွင့်ကိုပါ ကန့်သတ်ခဲ့သည်။ သာဓကအနေဖြင့် အမေရိကန်နိုင်ငံသားမဟုတ်သောရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်လေကြောင်းလိုင်းများ၏ မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ ၂၅%ထက် ပိုမို၍ ပိုင်ဆိုင်ခွင့်မရှိပါ။ ယင်းရာခိုင်နှုန်းအား ကနေဒါ တွင် ၃၁%၊ EU တွင် ၄၉% ဟုသတ်မှတ်ထားသည်။ အမေရိကန်အဲလိုင်း ( American Airline ) ကိုပိုင်ဆိုင်သော AMR ကော်ပိုရေးရှင်းအနေ ဖြင့် Canadan Airline ၏ ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ကို အပြည့်အ၀ ပေးရသော်လည်း ကနေဒါ၏ Foreign Ownership Law ကို ချိုးဖောက်သဖြင့် Quebec တရားရုံးမှ ပြန်လည်ရောင်းချပိုင်ခွင့် မရှိဟု သတ်မှတ်ခဲ့သည်။
ထို့ပြင် လေကြောင်းလိုင်းတစ်လိုင်း၏ မြေပြင်ဆင်းသက်ခွင့် ( Landing Right ) နှင့်အခြားအခွင့်အရေးများသည် မည်သည့်လေကြောင်းလိုင်းဖြစ်သည်ဆိုခြင်းထက် လေကြောင်းလိုင်းကို ပိုင်ဆိုင်သည့် နိုင်ငံအပေါ်တွင် အဓိကမူတည်သည်။ ယင်းအချက်ပေါ်တွင် အခြေခံပြီးမှသာ ဝေဟင်ပိုင်နက် အသုံးပြုခွင့်နှင့် Acquisition များ သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် တိုင်းပြည် ( A ) သည် တိုင်းပြည် ( B )မှ လေကြောင်းလိုင်းကိုဝယ်ယူလိုက်မည်ဆိုပါကတိုင်းပြည် ( B )မှလေကြောင်းလိုင်း၏ Landing rights ကို ပိုင်ဆိုင်သည့် နိုင်ငံပြောင်းလဲခြင်းကြောင့် ဆုံးရှုံးသွားမည်ဖြစ်သည်။ ယင်းကဲ့သို့သော အခြေအနေသည် ဤလုပ်ငန်း၏ over-capacity ဖြစ်နေမှုနှင့် ပိုမိုကောင်းမွန်သော Yield Level တစ်ခုရောက်စေရန်အတွက် လိုအပ်ချက်ဖြစ်သော ဤလေကြောင်းလိုင်း Industry ၏ ပေါင်းစည်းခြင်း ( Consolidation )နှင့် Ralionalization များအပေါ် ကန့်သတ်မှုများ ဖြစ်ပေါ်စေသည်။ ယင်းကဲ့သို့သော ကန့်သတ်ချက်များကြောင့်လည်း ဈေးကွက်ထိုးဖောက်ရေးနှင့် လုပ်ငန်းကြီးထွားလာရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေးနည်းမျိုးစုံကို အသုံးချရန်ဖြစ်ပေါ်လာခဲ့သည်။
အတိတ်ကာလများက အစိုးရများသည် အရှုံးပေါ်နေသော လေကြောင်းလိုင်းများကို အထောက် အပံ့များပေးပြီး ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။ ယင်းသို့အစိုးရ၏ ပံ့ပိုးကူညီမှုများတွင် ဥရောပတွင် လေကြောင်းလိုင်း (၈)လိုင်းအတွက် ဆောင်ရွက်ခဲ့ဖူးပြီး ၁၉၉၀ ခုနှစ်တွင် ပေးအပ်ခဲ့သော အကူအညီ ပမာဏသည် အမေရိကန်ဒေါ်လာ ၁.၅၁၁ ဘီလီယံအထိရှိခဲ့သည်။
မင်းခေါင် ( EMPA – 8 )

အမြင့်ပျံငှက်တို့၏တောင်ပံခတ်သံများ ( ၁ )


အခန်း ( ၁ ) 
လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာစီးပွားရေးလုပ်ငန်းများ၊ဘောဂဗေဒနှင့် မဟာဗျူဟာ မြောက် လားရာ
လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် စီးပွားရေးအရ၊ မူဝါဒပိုင်းဆိုင်ရာအရနှင့် လူအဖွဲ့အစည်း အတွက် အလွန်ပင်အရေးပါသော်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် ခြောက်အိပ်မက်ပင်ဖြစ်သည်။ ဤလုပ်ငန်း သည် ဖွဲ့စည်းပုံအရ ဆွဲဆောင်မှုမရှိခြင်း၊ စည်းမျဉ်းစည်းကမ်းများများပြားလွန်းခြင်းတို့ကြောင့်လုပ်ကိုင်ရန် ခက်ခဲခြင်း ၊ ထိန်းချုပ်နိုင်စွမ်းမရှိသော အခြားသော အချက်အလက်များ၏လွှမ်းမိုး မှုအောက်တွင် ရှိနေခြင်း များအား တွေ့မြင်ရမည်ဖြစ်သည်။ အထက်ဖော်ပြပါအချက်အလက်များ၏ ပေါင်းစည်းသက်ရောက်မှုကြောင့် ဤလုပ်ငန်း သည် ယင်းသက်တမ်းတစ်လျှောက် ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးငွေအပေါ်ပြန်ရချက် ( Rate of Return ) အလွန် နည်းပါးသည်။ လုပ်ငန်းမှဖန်တီးပေးနိုင်သောငွေကြေးပမာဏသည် သုံးစွဲလိုက်သော ပမာဏထက် အမြဲပင်နည်းပါး လျက်ရှိသည်။ ယင်းကဲ့သို့သော မျှော်လင့်ချက်နည်းပါးသောအနေအထားတွင် တည်ရှိသော်လည်း အချို့သော လေကြောင်းလိုင်းများအနေဖြင့် ယင်းကဲ့သို့သောစွန့်စားရမှု၊များ၊ မသေချာမရေရာမှုများကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းပြီး စံနှုန်း မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ကြသည်။ SIA စင်ကာပူလေကြောင်းလိုင်း သည် ယင်းကဲ့သို့သောလေကြောင်းလိုင်းများထဲတွင် ဦးဆောင်ဦးရွက် အဖြစ်ပါဝင်လျက်ရှိသည်။
ကမ္ဘာ့အသိအမှတ်ပြု အခံရဆုံးနှင့် အအောင်မြင်ဆုံး လေကြောင်းလိုင်းများထဲတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး တီထွင်ဖန်တီးဆန်း သစ်နိုင်စွမ်း အရှိဆုံးနှင့်ဝန်ဆောင်မှုပေးနိုင်စွမ်းတွင် ဦးဆောင်လေကြောင်း လိုင်းဖြစ်ကာ Fortune မဂ္ဂဇင်း၏ကမ္ဘာ့ နှစ်လိုဖွယ် အကောင်းဆုံးကုမ္ပဏီ ( ၅၀ ) ထဲတွင်ပါဝင်သော တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည်။ SIA သည်ယင်း၏ ပြိုင်ဘက်များနှင့်နှိုင်းယှဉ်ပါက ငွေကြေးအမြတ်အစွန်း များစွာ သာလွန်ရရှိယုံသာမက ၁၉၇၂ ခုနှစ်မှစတင်ပြီး လွတ် လပ်စွာ တည်ထောင်နိုင်ခဲ့စဉ်ကတည်းကပင် နှစ်စဉ်လုံးဝအရှုံးမရှိသော လေကြောင်း လိုင်းလည်းဖြစ် သည်။ ဤစာ အုပ်တွင် SIA အနေဖြင့် ယင်းကဲ့သို့သော စွမ်းဆောင်ရည်ကို မည်ကဲ့သို့ရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်ကို ရှင်းလင်းဖော်ပြသွားမည်ဖြစ်ပြီး အခြားသောပြိုင်ဆိုင်မှုများပြင်း ထန်သော ပတ်ဝန်းကျင်အခြေအနေအတွင်းမှ ကုမ္ပ ဏီအဖွဲ့အစည်း များ အနေဖြင့် မည်ကဲ့သို့လေ့လာသင်ယူလိုက်နာကျင့်သုံးသွားသင့်သည်ဆိုသည့် အချက်များ ကိုလည်း ဖော်ပြသွားမည်ဖြစ်သည်။ 
လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပုံနှင့် စီးပွားရေးအရအရေးပါပုံ

ကမ္ဘာအနှံ့အပြားရှိ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည်နိုင်ငံများနှင့်ကမ္ဘာလုံးဆိုင်ရာ စီး ပွားရေးလုပ်ငန်းများအတွက် အလွန် အရေးပါလျက်ရှိပြီး ၁၉၁၂ ခုနှစ်တွင် ပထမဆုံး သတ်မှတ်အချိန်ဇယားဖြင့်လေယာဉ်စတင်ပြေးဆွဲပြီးကတည်းကပင် လျင်မြန်စွာဖွံ့ဖြိုးလာခဲ့သည်။ ဖွံ့ဖြိုးမှုကာလအစောပိုင်း နှစ် ( ၃၀ ) အတွင်း( ပစ်စတင်အင်ဂျင် များကိုအသုံးပြုသည့် ) လေကြောင်းဆိုင်ရာနည်းပညာများအားနည်းသဖြင့် ခရီးသွားချိန် မမြန်ဆန်ခြင်း၊ ခရီးသည်များအတွက်သက်တောင့်သက်သာ မရှိခြင်း၊ ပျံသန်းနိုင်သောခရီးအကွာအဝေးမိုင်နည်းပါးခြင်း၊ ကုန်ကျ စရိတ် များပြားခြင်းတို့ကြောင့် လုပ်ငန်းများဖွံ့ဖြိုးမှုအပေါ်တွင် ကန့်သတ် တားမြစ် ချက်များ ဖြစ်ပေါ် စေခဲ့သည်။ ၁၉၅၀ ခုနှစ်ကာလများတွင် Turbo-prop အင်ဂျင်များဖြင့်မောင်းနှင်ပျံသန်းသောလေယာဉ်များ စတင် ပေါ်ပေါက်လာခဲ့ပြီး Productivity တိုးတက်လာခဲ့ကာ ပျံသန်းနိုင်သောခရီး အကွာအဝေး များပြားလာပြီး စွမ်းဆောင်ရည်မြင့်မားလာခဲ့သည်။ ( ဇယား – ၁ ကိုကြည့်ပါ ) 

၂၀၀၆ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ အချိန်ဇယားဖြင့်ပြေးဆွဲသော လေကြောင်း လိုင်း ( ၉၀၀ ) အနေဖြင့် ခရီး သည် ၂.၁ ဘီလီယံအားသယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ၃.၉ ဘီလီယံ ခရီးသည်-ကီလိုမီတာပျံသန်းနိုင်ခဲ့ ကာ ကုန်စည် ၃၈.၉ မီလီယံတန်သယ်ပို့ပေးနိုင်ခဲ့သည်။လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအနေဖြင့် ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှု စုစုပေါင်း ၄၀% ( တန်ဖိုးအရ ) နှင့် နိုင်ငံစုံခရီးသွားစုစုပေါင်း၏ တ၀က်နီးပါး ကိုသယ်ပို့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ နောင်လာမည့်ကာလများတွင် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း များ အနေဖြင့် ပိုမို အရေး ပါ သောအခန်းကဏ္ဍတွင် နေရာယူလာမည်ဟု ယူဆရပါသည်။အထူး သဖြင့်  ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ကုန်စည်ပမာဏ ၏ တန်ဖိုးအရ ( ၈၀ % ) အထိ လေကြောင်းမှပို့ဆောင်ပေး သွားနိုင် မည်ဟုယူဆရပါသည်။
ယင်းတွင် မြှောက်ပွား ကိန်းအကျိုးသက်ရောက်မှုရှိပြီး တိုက်ရိုက်အကျိုး သက်ရောက်မှု အပြင် ခရီးသွားလုပ်ငန်း များနှင့် ကုန် စည်ပို့ ဆောင်ခြင်းနှင့်စပ်လျဉ်း သောလုပ်ငန်းများကိုလည်း ပိုမိုဖွံ့ဖြိုး လာစေနိုင်မည်ဖြစ်သည်။
မြို့ပြလေကြောင်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၏ တိုက်ရိုက်၊ သွယ်ဝိုက် သို့မဟုတ် အထောက်အကူပြုခြင်း စွမ်းအားများကြောင့် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးတွင်ပါဝင်မှုသည် ကမ္ဘာ့စီးပွားရေး ပမာဏ၏ ( ၇.၅ % ) ဖြစ်သည့်အမေရိကန်ဒေါ်လာ ( ၃၅၆၀ ဘီလီယံ ) အထိ ရှိပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၃၂သန်းခန့်ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။ 
ဤလုပ်ငန်းအနေဖြင့် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ခရီးသွားရာ ခိုင်နှုန်း ( ၅.၁ ) နှင့် ကုန်စည်ပမာဏ ( ၆.၆ % )တိုးတက်လာသည်အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေပိုမိုကောင်းမွန်လာမည်ဖြစ်သော်လည်း အသုံးမပြုနိုင်ပဲကျန်ရှိသော ခရီးသည်နှင့် ကုန်စည် နေရာလပ်များ များစွာ ကျန်ရှိနေသေးကြောင်း တွေ့ရှိ ရသည်။ ယင်းကာလအတွင်း ခရီးသည်ရရှိမှုနှုန်း ( Passenger Load Factor ) သည်၇၅% အထိရှိခဲ့ပြီး ကုန်စည်ရရှိနှုန်း သည် ( ၆၃% ) အထိရှိခဲ့ရာ ဤလုပ်ငန်းအနေဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၏ ၀န်ဆောင်ပေးနိုင်စွမ်းသည် လိုအပ်ချက် ထက် များစွာပိုမိုနေကြောင်း ( Over-capacity) ဖော်ပြလျက်ရှိသည်။ ထို့ကြောင့် အခြားသောလုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ်နိုင်စွမ်းအား ( Yield ) နှင့် အကျိုးအမြတ်ရရှိနိုင်စွမ်းအား များစွာ လျော့နည်းလျက်ရှိကြောင်းတွေ့ရှိရသည်။
ယင်းသို့ Over-capacity ဖြစ်နေ မှုအပြင် ဘဏ္ဍာရေးအမြတ် အစွန်းရရှိနိုင်စွမ်းကို လျော့နည်းစေနိုင်သော အခြားသောအကြောင်းအချက်များလည်းရှိနေသေးကြောင်း တွေ့ရ မည်ဖြစ် သည်။ ယင်းအကြောင်းအချက်များသည် လုပ်ငန်းနှင့်ကာလရှည် ကြာ စွာ ဆက်စပ်တည်ရှိနေပြီး ကြီးမား သောလွှမ်းမိုးမှုလည်းရှိနေသဖြင့်လေ ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ရပ် အဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။
( —-ဆက်ပါဦးမည်— )

Image
ဝန်ခံချက်။ Loizos Heracleous, Jochen Wirtz, Nitin Pangarkar တို့၏ Flying High in a Competitive Industry
( Secrets of the World’s Leading Airline ) ကိုဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။
မင်းခေါင် ( EMPA - 8 ) 

HR လားဟေ့ဝင်ခဲ့လေကွယ် ( ၁၄ )


( ၆ ) Recruitment ပြုလုပ်ရာတွင်အခြားထည့်သွင်းစဉ်းစားရမည့်အချက်များ
အဲဒီတော့ Recruitment လုပ်လို့ရတဲ့နည်းတွေကတော့ ဟုတ်ပါပြီ။ Recruitment မှာ တခြားထည့်သွင်း စဉ်းစားရမယ့်အချက်တွေ မရှိတော့ဘူးလား။ တကယ်တော့ရှိပါသေးတယ်။ အဲဒါတွေကတော့
( ၁ ) မိမိရဲ့ကုမ္ပဏီဟာ ဘယ်ရာထူးအတွက် ဘယ်နေရာအတွက် ဝန်ထမ်းဘယ်နှစ်ဦးခန့်ထားဖို့စီစဉ်နေ တယ်ဆိုတာ ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေသိထားစေသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရံဖန်ရံခါမှာ မိမိကု မ္ပဏီမှာအလုပ်လျှောက်ထားချင်တဲ့ပုဂ္ဂိုလ်ဟာ မိမိကုမ္ပဏီက ဝန်ထမ်းတစ်ဦးဦးနဲ့ သိကျွမ်းတဲ့အတွက် အဲဒီ ဝန်ထမ်းဆီက သတင်းအချက်အလက်တွေ စုံစမ်းရယူတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ မိမိဝန်ထမ်းကဘာ မှမပြောနိုင်ခဲ့ရင် ကုမ္ပဏီကို အထင်သေးသွားတတ်ပါတယ်။
( ၂ ) မိမိကုမ္ပဏီရဲ့ Frontline ဖြစ်တဲ့ Reception ကို မဖြစ်မနေ အသိပေးထားသင့်ပါတယ်။ အဲဒါမှ CV လာတင်တဲ့အခါမှာ Receptionist က လက်ခံထားတာတွေ လိုအပ်တဲ့အချက်အလက်တွေ စနစ်တကျ တောင်းစေခြင်းအားဖြင့် မိမိကုမ္ပဏီရဲ့အပေါ်မှာ Impression ပိုကောင်းစေလို့ပါ။ အခုလက်ရှိ ကုမ္ပဏီ တော်တော်များများမှာတော့ Reception ကော၊ ဝန်ထမ်းတွေကော ဘယ်သူမှ ဂဃနဏဖြေနိုင်ကြတာမျိုး မတွေ့ရပါဘူး။ HRက ပဲပေးမသိတာလား၊ သူတို့ကပဲ မသိဘူးပြောတာလားတော့ ပြောရခက်ပါတယ်။ တ ကယ်တော့ HR ဆိုတာ HR ဌာနတစ်ခုခုနဲ့ပဲဆိုင်တာမဟုတ်ပဲ ဌာနအားလုံးပူးပေါင်းပါဝင်မှသာလျှင် အောင် မြင်နိုင်တာကို သဘောမပေါက် ကြလို့လို့ထင်ပါတယ်။
HR မန်နေဂျာတဦးရဲ့တာဝန်က Recruitment Timeline ကိုရေးဆွဲထားသင့်ပါတယ်။ ဘာလို့လဲဆို တော့တကယ်လို့သာ ဝန်ထမ်းနေရာတစ်ခုလစ်လပ်ခဲ့မယ်ဆိုရင် လူစားပြန်ရဖို့ ဘယ်လောက်စောင့် ဆိုင်းရမယ်ဆိုတာ သက်ဆိုင်ရာဌာနတွေရဲ့မန်နေဂျာတွေ သိစေချင်လို့ပါ။ ဒါမှလည်းအခြားဌာန တွေဘက်က လိုအပ်သလိုချင့်ချိန်ဆောင်ရွက်နိုင်မှာပေါ့။
ပြီးတော့ HR မန်နေဂျာတစ်ယောက် ကဘယ်လိုအချိန်မှာ Recruitment ကို လုပ်ရမှာလဲ ။တကယ်တမ်း တော့ HR မန်နေဂျာတစ်ယောက်ဟာ ကိုးကားရမယ့် Timeline ပါတဲ့ HR Plan တစ်ခုမရှိဘူးဆိုရင် သူ့ သဘော နဲ့ သူ Recruitment လုပ်ခွင့်မရှိသင့်ပါဘူး။ ။
သာမန်အားဖြင့်ဖြစ်သင့်တာကတော့ ဝန်ထမ်းခန့်ထားဖို့လိုအပ်တဲ့ဌာနရဲ့မန်နေဂျာ ဒါမှမဟုတ်ရင် တာဝန် ရှိသူ တစ်ဦးမှ Personal Requisition Form ကို ဖြည့်စွက်တောင်းခံခြင်းဖြင့် ဝန်ထမ်းအင်အား ဖြည့်တင်းခြင်း လုပ်ငန်းစဉ်ကို စတင်သင့်ပါတယ်။
( ၇ ) Precondition for Recruitment 
Recruitment အတွက် Pre-condition တွေရှိပါတယ်။ အဲဒါတွေကတော့
( ၁ ) Personal Requisition Form။ ဌာနတစ်ခုဟာ သူ့ဆီကဝန်ထမ်းတစ်ဦး နှုတ်ထွက်ခြင်း၊ သေဆုံး ခြင်း၊ ပင်စင်ယူခြင်း ၊အနားယူခြင်း၊ ဌာနတိုးချဲ့ခြင်း စတဲ့ကိစ္စရပ်တွေ ဖြစ်ပေါ်လာတဲ့အခါ လိုအပ်တဲ့လူ အင်အားဖြည့်တင်းဖို့လိုလာပါလိမ့်မယ်။ အဲဒီအခါမှာ HR ဌာနကို Marketing Executive နှစ်ယောက်လို ချင်တယ်ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ကြားဖူးတာလေးတစ်ခုရှိပါတယ်။ အေဂျင်စီတစ်ခုကိုကုမ္ပ ဏီ တစ်ခုကနေပြီး Account Manager နှစ်ယောက်လိုချင်တယ်လို့ ဖုန်းလှမ်းဆက်ပါတယ်တဲ့။ ဒါနဲ့ အဲဒီ အေဂျင်စီက B.Com CPA တွေရဲ့ CV တွေကိုပို့လိုက်ပါတယ်တဲ့။ တစ်ယောက်မှ အင်တာဗျူးမခေါ်လို့ ပြန် မေးတော့မှ သူတို့လိုချင်တာ အဲဒီသူတွေမဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ အလုပ်မှာ လိုအပ်တာက Account Manager တော့ Account Manager ပဲ ၊ ဒါပေမယ့် Key Account Manager ဖြစ်နေလို့ပါတဲ့။ ဆိုလိုချင်တာကတော့ ကိုယ်တကယ် လိုအပ်တဲ့ဝန်ထမ်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ၊ ဥပမာ –သူ့ရဲ့ Position Title တွေ၊ ပညာအရည်အချင်းတွေ၊ အသက်ကန့်သတ်ချက်တွေ၊ အတွေ့အကြုံပိုင်း ဆိုင် ရာလိုအပ်ချက်တွေအားလုံး သေချာမပေးအပ်ခဲ့ရင် ဘယ်လိုမှ အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး။
HR ဌာနကသတ်မှတ်ပေးထားတဲ့ Personal Requisition Form မှာ ပြည့်စုံစွာ ဖြည့်စွက်ပြီး ဝန် ထမ်းခန့်ထားပေးရန်တောင်းဆိုရပါလိမ့်မယ်။ အဲဒီ Personal Requisition Form မှာပါတဲ့အချက်တွေက တောင်းဆိုတဲ့ Requesting Officer ရဲ့အမည၊် တောင်းဆိုတဲ့ရက်၊ နောက်အကျဆုံး ခန့်ထားပေးရမယ့် ရက်၊ ခန့်ထားမယ့်ရာထူးနဲ့လိုအပ်တဲ့အရေအတွက်၊ လစာနှုန်းထား၊ တာဝန်ထမ်းဆောင်ရမည့်နေရာ၊ ဘယ်သူရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရမယ်၊သူရဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ Job Description ကဘာတွေ၊ သူရဲ့ Job Specification တွေကဘာတွေဖြစ်တယ်စတဲ့ အချက်တွေပါဝင်ရပါ မယ်။ အဲဒီအချက်တွေ ပြည့်စုံမှလဲ HR ဌာနက သက်ဆိုင်ရာဌာနရဲ့ လိုအပ်ချက်ကို သိရှိပြီး ဖြည့် ဆည်းပေးနိုင်မှာပေါ့။
( ၂ ) Job Description ။ အဲဒီတော့ JD ဆိုတာ ပါလာပြီ။ JD ဆိုတာဘာလဲ။ JD ဆိုတာ Job Description ပါ။ “Job Description was defined as a document that states the tasks, duties and responsibilities of the job ” Job Description ဆိုတာ သက်ဆိုင်ရာ အလုပ်တစ်ခုရဲ့ ဆောင်ရွက် ရမယ့်လုပ်ငန်းတွေ၊ ယူရမယ့်တာဝန်တွေကို ဖော်ပြပေးတဲ့အရာတစ်ခုပါ။ အဲဒီမှာ အမှတ်မှားတတ်တာ တစ်ခုရှိပါတယ်။ Job Description ကို HR မန်နေဂျာတွေရေးပေးရမယ်လို့။ တကယ်တော့ HR မန်နေဂျာ တစ်ဦးဟာ HR ဘာသာရပ်မှာ ကျွမ်းကျင်ရင်ကျွမ်းကျင်ပါမယ်။ ရှိသမျှ Profession အားလုံးကို သိဖို့မဖြစ် နိုင်ပါဘူး။ အဲဒီတော့ ရှိသမျှ Profession အားလုံးရဲ့ Job Description ကို ရေးပေးဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ HR မန်နေဂျာတစ်ဦးဟာသက်ဆိုင်ရာမန်နေဂျာတွေကို Job Description တခုရလာဖို့ လုပ် ဆောင်ရမယ့်အချက်တွေကို ပြောပြပေးပြီးရရှိလာတဲ့ Data တွေကို စုစည်းပြီး ပြုစုတင်ပြပေးရုံပဲ လုပ်ပေး နိုင် ပါ တယ်။
Job Description တစ်ခုရေးဖို့ Job Analysis လုပ်ရပါတယ်။ Job Analysis ဆိုတာကတော့ ရာထူးတစ် နေရာအတွက် တာဝန်တွေ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ တာဝန်တွေ၊ Knowledge တွေက ဘာတွေလဲဆိုတာကို ဆုံးဖြတ်တာပါ။ Job Analysis လုပ်မထားရင် JD ရေးလို့မရ ပါဘူး။ Job Analysis ကရတဲ့အချက်အလက်တွေကို စုစည်းပြီးမှ Job Description နဲ့ Job Specificationကိုရေးရတာဖြစ်ပါတယ်။
မင်းခေါင် ( EMPA - 8 )